Htet Htet Mon Follow me on
ကိုယ်ရေးအကျဉ်း
ကျွန်မ မထက်ထက်မွန် ကတော့ မွေးရာပါ ကိုယ်အင်္ဂါ မသန်စွမ်းသူ တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိတွင် ရန်ကုန်မြို့တွင် နေထိုင်ပါတယ်။ အခြေပညာအလယ်တန်းအဆင့် အောင်မြင်ထားသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဘဝကို အမှီအခိုကင်းစွာ ရပ်တည်နိုင်ရေး အတွက် အမြဲကြိုးစားနေသူ တစ်ဦးလည်းဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ တော့ သူမဘဝကို အပြောင်းအလဲ ဖြစ်စေနိုင်မည့် AAR Japan မသန်စွမ်းသက်မွေ ပညာသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းကို ကြိုးစားတက်ရောက်နိုင် ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၉ မှာတော့ အဆိုပါကျောင်းတွင် စက်ချုပ်ကျွမ်းကျင်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ HM Fashion & Tailoring ဆိုတဲ့ Facebook ကို စတင်ဖွင့်လှစ်ခဲ့ပြီး Online မှ အဝတ်အထည်များကို Order ချုပ်ပေးခြင်း၊ Fashion နှင့်စက်ချုပ်ပညာများကို မျှဝေပေးရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ပါသည်။
အပ်ထည်များကို လက်ခံသည့်အခါ အရည်အသွေးကောင်းမွန်မှု အကောင်းဆုံး ဖြစ်အောင် ချုပ်ပေးနေပါသည်။
ယခုလက်ရှိတွင် မိမိအိမ်တွင် ဘဝတူမသန်စွမ်းတူ မသန်စွမ်းသူများနှင့်အတူ
- အဝတ်အထည်များကိုorder လက်ခံချုပ်ပေးခြင်း
- Fashion နှင့်စက်ချုပ်ပညာများကို မသန်စွမ်းသူများကို မျှဝေပေးခြင်း
များကို ဆောင်ရွက်လျှက်ရှိပါသည်။
အဝတ်အထည်များကို Order အပ်နှံရန် ၊ ဝယ်ယူအားပေးနိုင်ရန်အတွက် ဖော်ပြပါ ဖုန်းနံပါတ် ကိုဆက်သွယ်၍ မှာယူနိုင်ပါသည်။အရည်အသွေးနှင့်ဝန်ဆောင်မှုအပိုင်းအတွက် အထူးအာမခံ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
၀၉-၄၅၁ ၂၅၇ ၃၇၀
Products
ရောင်းချနေသောပစ္စည်းများ မရှိပါ
