Kay Thi Khaing

Kay Thi Khaing Follow me on

  • Products 34
  • Verified by    

ကိုယ်ရေးအကျဉ်း

ကျွန်မ မကေသီခိုင်သည် မော်လမြိုင်ကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် မွေးဖွားခဲ့ပါသည်။ မွေးပြီး (၁)နှစ်အကျော်တွင် အပြင်းဖျားရာမှ ပိုလီယိုရောဂါ ကို စတင်ခံစားခဲ့ရပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးလည်းဖြစ်ပါသည်။ ကျောင်းနေအရွယ်တွင်လည်း ခွဲခြားဆက်ဆံမှုများကြောင့် အတန်းပညာများကိုလည်း သင်ယူတက်မြောက်မှု မရရှိခဲ့ပါ။ မိသားစု၏ ကူညီဖေးမမှုနှင့်အတူ ကြီးပြင်းခဲ့ရပါသည်။

(၁၂)နှစ်အရွယ်တွင် ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင် ရောက်ရှိလာပြီးနောက် လူမှုအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ သုံးဘီးဝှီလ်ချဲကို စတင်ရရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ မိမိဘဝကို အမှီခိုကင်းစွာ ရပ်တည်နိုင်အောင်ကြိုးစားခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

သူမ၏ မိသားစုနှင့် လူမှုပတ်ဝန်းကျင်၏ အားပေးမှုများ ကြောင့် ၂၀၁၉ ခုနှစ်တွင်လည်း သိုးမွေးချည်ထိုးနည်း ပညာရပ်များကို တက်ရောက်သင်ကြားခဲ့ပါသည်။ထိုပညာရပ်များကို Youtube မှလည်းဆက်လက်လေ့လာခဲ့ပါသည်။

ယခုအချိန်တွင် သူမသည် ချည်ထိုး ပညာရပ်ဖြင့် တစ်ပိုင်းတစ်နိုင်စီးပွားရေးကို လုပ်ဆောင်လျှက်ရှိသူတစ်ဦးလည်းဖြစ်ပါသည်။

မကေသီခိုင် အနုပညာလက်ရာများကတော့

  • အလှပန်းအိုးများ
  • အလှပန်းစည်းများ
  • သိုးမွေး စကုတ်
  • သိုးမွေး ကလစ်
  • သိုးမွေး ခေါင်းစီးကွင်း
  • ကီချိန်း
  • ပိုက်ဆံအိတ်
  • အရုပ်

များကို နေ့စဉ် ပြုလုပ်ရောင်းချလျှက်ရှိပါသည်။

သူမ၏ အနုပညာလက်ရာများကို မိမိအိမ်ဆိုင် လည်းကောင်း၊ အမျိုးသားဖြစ်သူ ကိုမောင်ကိုကို (ကိုယ်အင်္ဂါမသန်စွမ်းသူ) မှ ရပ်ကွက်ဈေးများ၊ ပွဲတော်များတွင်လည်းကောင်း လိုက်လံ၍ ရောင်းချလျှက်ရှိပါသည်။

ယခုအချိန်တွင် ၎င်းတို့သည် ရွှေပြည်သာမြို့နယ်၊ ထ(၁၆)ရပ်ကွက်၊ အောင်မေတ္တာ(၃)လမ်း တွင် နေထိုင်လျှက်ရှိပါသည်။

သူမ၏ အနုပညာလက်ရာများအား ဝယ်ယူအားပေးလိုပါက

ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မှာယူနိုင်သည်။

  • ၀၉-၇၉၈ ၂၃၅ ၆၆၈
  • ၀၉- ၂၆၈ ၈၄၀ ၈၈၆

Products

Shopping Cart
  • Your cart is empty.
Scroll to Top