May Zin Aung

May Zin Aung Follow me on

  • Products 31
  • Verified by    

ကိုယ်ရေးအကျဉ်း

မမေဇင်အောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်းမြို့နယ်တွင် မွေးဖွားကြီးပြင်း ခဲ့ပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးဖြစ်သော်လည်း ပညာရေးကို စိတ်အား ထက်သန်စွာ ဆက်လက်လေ့လာခဲ့ပါသည်။ ပုသိမ်တက္ကသိုလ်မှ ဘွဲ့ရရှိသူ ဖြစ်ပြီး ကိုယ်တိုင်ကြိုးစားမှုနှင့် အခက်အခဲများကို ‌ကျော်လွှာနိုင်ခဲ့သူ ဖြစ်သည်။

ဘွဲ့ရပြီးနောက် အလုပ်အကိုင်အခက်အခဲများကြောင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။ သိုးမွေးချည်ထိုးနည်းသင်တန်းများကို တက်ရောက်ခဲ့ပါသည်။ သင်တန်းမှ ရရှိလာသော လက်မှုပညာရပ်များဖြင့် Hand Made များကို ထုပ်လုပ်လာခဲ့ပါသည်။

၂၀၁၈ ခုနှစ်မှ စတင်၍ Panky May May Facebook Page ဖြင့် Online Platform များကို အသုံးပြု၍ လက်မှုပစ္စည်းများကို ရောင်းချနေပြီး မိမိလုပ်ငန်း တိုးတက်အောင် ကြိုးစားလုပ်ဆောင်လျှက်ရှိပါသည်။
အနာဂတ်တွင် မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် လက်မှုလုပ်ငန်းကို ပိုမိုကျယ်ပြန့်အောင် ဆက်လက်ကြိုးစားသွားရန် ရည်မှန်းထားပါသည်။

သူမရောင်းချနေသော ပစ္စည်းများ

  • သိုးမွေးချည်ထည် အမျိုးမျိုး
  • ရေချို ပုဇွန်ခြောက်

သူမ၏ ပစ္စည်းများကို မှာယူလိုပါက

Pinky May May Online Page နှင့် ဖော်ပြပါ ဖုန်းနံပါတ်များမှ ဆက်သွယ်မှာယူနိုင်ပါသည်။

09-429994218/ 09-787004508


Shopping Cart
  • Your cart is empty.
Scroll to Top