Naw Lay Khaing Follow me on
ကိုယ်ရေးအကျဉ်း
တစ်ချိန်က ကျွန်မသူငယ်ချင်းတို့တွေဟာ အပြင်လောကကို မထွက်ဘဲ အိမ်မှာနေရင်း စိုးရိမ်သိမ်ငယ်မှုတွေနဲ့ နေခဲ့ရပါတယ်။ ကျွန်မတို့ကိုမြင်ရင် လူထူးလူဆန်းတစ်ယောက်လို ကြည့်ကြတာတွေ စနောက်တာတွေ ခွဲခြား ဆက်ဆံမှုတွေ ကို အတော်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ လူတိုင်းအကျုံးဝင်ပညာရေး စီမံကိန်းမှာ စေသနာ့ ဝန်ထမ်းအဖြစ် သုံးနှစ်ဝင်လုပ်ရင်း ကျွန်မတို့ ခက်ခဲခဲ့သလိုမျိုး အခြားမသန်စွမ်းသူတွေလည်း အခက်အခဲ ကြုံနေရတယ် ဆိုတာကို နားလည် သဘောပေါက်လာခဲ့ပါတယ်။ အခက်အခဲကြုံနေရတာက ကျွန်မတို့တင် မဟုတ်ဘူးဆိုတာကို သိနားလည် ပြီးတဲ့နောက်မှာ ကျွန်မတို့တွေ အတွေးတစ်ခု ဝင်လာခဲ့ပါတယ်။ အဲဒါက ကျွန်မ တို့ ကြုံနေရတဲ့ အခက်အခဲ တွေကို ကျွန်မတို့အချင်းချင်းကလွဲလို့ ဘယ်သူမှမသိနိုင်ဘူးဆိုတာ သိရှိလာခဲ့ပါတယ်။ ကျွန်မတို့တွေပဲ အလုပ်တွေရပြီး ပျော်ရွှင်နေတာထက်စာရင် ဘဝတူမသန်စွမ်းသူတိုင်း အမှီခိုကင်းကင်း ရပ်တည်နိုင်ဖို့က ပိုပြီးတော့ အရေးပါတဲ့ အတွက် အဖွဲ့အစည်း တစ်ခု စတင်ဖွဲ့စည်းရန် ကြိုးပမ်းခဲ့ပါတော့တယ်။ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတွေရဲ့ အကြံဉာဏ်ပေးမှုတွေ အားတက်သရော ကူညီမှုတွေနဲ့ မီးအိမ်ရှင် ဆိုတဲ့ အဖွဲ့အစည်းကို ၂၅-၂-၂၀၂၅ တွင် မသန်စွမ်းအမျိုးသမီးလေးယောက် နဲ့ အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါသည်။
ကျွန်မတို့လေးယောက်စတင်မုန့်ပညာကို၂၉-၁၂-၂၀၂၄ သင်ကြားခဲ့ပြီ ၁-၅-၂၀၂၅တွင် မုန့်များကို အော်ဒါ လက်ခံကာ ရောင်းချခဲ့ပါတယ်။
ယခုလက်ရှိ မုန့်လုပ်ငန်းကို ကျွန်မတို့လေးယောက် ဦးစီးပြီး လုပ်ဆောင်နေပါတယ်။ ကျွန်မတို့ လေးယောက်ရဲ့ရည်ရွယ်ချက်ကတော့ မုန့်လုပ်ငန်းနှင့်အောင်မြင်မှုရရှိချိန် မသန်စွမ်းအမျိုးသမီးများ အမှီအခိုးကင်းကင်းနဲ့ကိုယ်ပိုင်ဝင်ငွေရရှိနိုင်ရန် မုန့်လုပ်ငန်းနဲ့သက်ဆိုင်သောပညာများကို မျှဝေသင်ကြား ပေးသွားမှာဖြစ်ပါတယ်။
ကျွန်မတို့တွေက ဝါသာနာတွေ မတူကြပါဘူး။ အကြိုက်တွေလည်းမတူညီကြပါဘူး ။ ဒါပင်မဲ့ကျွန်မတို့ရဲ့ရည်ရွက်ချက်၊ ခံယူချက် ၊စိတ်နေစိတ်ထားတွေကတော့တူညီပြီအလုပ်ကို ညှီနှိုင်း ဆောင်ရွက်ကာလုပ်ပါတယ်။ ဒါကြောင့် မုန့်လုပ်ငန်းကို စတင်ပြီခြေစုံရပ်တည်ကတော့ “ငါတို့လုပ်နေသော မုန့်လုပ်ငန်းသည်ရည်ရှည်မှာအောင်မြင်မှုရမယ်” ဆိုတဲ့ စိတ်ဓာတ်နှင့် ကိုယ်ကျိုးအတွက်မဟုတ်ဘဲ မသန်စွမ်းအမျိုးသမီးများအတွက်ပါ အကျိုးဝင်နိုင်ရအောင်ကြိုးစားကာ လုပ်ဆောင်သွားမည့် စိတ်နဲ့ လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။
အသစ်သစ်သောလေ့လာမှုများနှင့်ဖန်းတီတီထွင်မှုများကို ကျွန်မတို့အစဥ်အမြဲကြိုးစားပြီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ဦးဆီးဦးဆောင်လုပ်ဆောင်နိုင်အောင်ကြိုးစားသွားပါမည်။

